အစိုးရအဖွဲ့ရုံး

 

တိုင်းဒေသကြီး ဥပဒေချုပ် - ဦးအောင်ဝင်း

တိုင်းဒေသကြီး ဥပဒေချုပ်ရုံး

လမ်း(၃၀)၊ ၆၈×၇၀ လမ်းကြား၊ တိုင်းရုံး စုပေါင်းရုံးကြီးဝင်း၊ ဗဟိုအမျိုးသမီးဆေးရုံရှေ့၊ ပတ်ကုန်းဝန်းကျင်ရပ်ကွက်၊

ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။  Ph: 02 32064

 

Read more ...

၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်

 (၇၂) ကြိမ်မြောက် မွန်အမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနားကို ၂ဝ၁၉ ခုနှစ် ဖေဖော်ဝါရီလ ၂ဝ ရက်နေ့ နံနက် (၈)နာရီခွဲက မန္တလေးမြို့၊ ချမ်းမြသာစည် မြို့နယ် ၈၄ လမ်းနှင့် ၄၅ လမ်းထောင့် သာသနာ(၂၅၀၀) ဓမ္မာရုံတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာခင်မောင်ဌေး၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များဖြစ်ကြသော မန္တလေးမြို့တော်ဝန် စည်ပင်သာယာရေးဝန်ကြီးဌာန၀န်ကြီး ဒေါက်တာရဲလွင်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ၀န်ကြီး ဦးမျိုးသစ်၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာန ၀န်ကြီး ဦးစိုင်းပန်းဆိုင်၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မန္တလေးအခြေစိုက် တိုင်းရင်းသားလူမျိုးစုများအဖွဲ့ဥက္ကဌ၊ မွန်အမျိုးသားနေ့ကျင်းပရေး ကော်မတီနှင့် မွန်အမျိုးသားလူမျိုးစုများ လူမှုရေးအသင်းဥက္ကဌ ဦးနိုင်မောင်မြင့်နှင့် အဖွဲ့ဝင်များ၊ တိုင်းရင်းသားလူမျိုးစုအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

  ရှေးဦးစွာ မွန်အမျိုးသားနေ့ကို ဂုဏ်ပြုသောအားဖြင့် မွန်တိုင်းရင်းသားရိုးရာ ရွှေဟင်္သာ မွန်ယိမ်းအကဖြင့် ဖျော်ဖြေပြီး (၇၂)ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားကို တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဌ၊ မန္တလေးမြို့တော်ဝန်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး၊ တိုင်းရင်းသား ရေးရာဝန်ကြီး၊ မွန်အမျိုးသားလူမျိုးစုများ လူမှုရေးအသင်းဥက္ကဌနှင့် ဒုတိယဥက္ကဌတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ကြကာ ကျင်းပရေးဦးစီးကော်မတီ ဥက္ကဌက နှုတ်ခွန်းဆက်စကားပြောကြား တိုင်းရင်းသားရေးရာဝန်ကြီးက မွန်အမျိုးသားနေ့ နှုတ်ခွန်းဆက်စကားပြောကြားသည်။

 ဆက်လက်၍ (၇၂) ကြိမ်မြောက် မွန်အမျိုးသားနေ့(ဗဟို) မြေစိုက်ပိုစတာရှင်းလင်းချက်စာတမ်းကို ဦးနိုင်ဗညားကျော်စွာမြင့်က ဖတ်ကြားတင်ပြပြီး တင်ရောက်လာသူများက မှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးကြသည်။

 ထို့နောက် မွန်အမျိုးသားနေ့တွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မွန်တိုင်းရင်းသားလူမျိုးများထဲမှ ပညာရေးတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသောကျောင်းသား၊ ကျောင်းသူများအား ဆုများပေးအပ်ချီးမြှင့်ရာ ၂၀၁၇-၂၀၁၈ ပညာသင်နှစ် မွန်စာသင်တန်းထူးချွန်ဆု၊ မူလတန်း၊ အလယ်တန်း၊ အထက်တန်းနှင့် တက္ကသိုလ် ၀င်တန်း တစ်ဘာသာ ဂုဏ်ထူးရှင် သုံးဦး၊ နှစ်ဘာသာ ဂုဏ်ထူးရှင် သုံးဦး၊ သုံးဘာသာ ဂုဏ်ထူးရှင် နှစ်ဦးတို့အား တာဝန်ရှိသူများက ဆုများချီးမြှင့်ကြပြီး မွန်ရိုးရာအကများဖြင့် ဖျော်ဖြေခဲ့ကြသည်။