၂၀၁၇ ခုနှစ်၊ အောက်တိုဘာ ၁၀ ရက်

 အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ်​၊ မန္တ​လေးတိုင်း​ဒေသကြီးမှကြီးမှူး၍ အမုန်းတရားများ၊ ဖိအားများ၊ တွန်းအားများကို ပြည်သူလူထုက မေတ္တာဖြင့် တုံ့ပြန်မည့် ဘာသာ​ပေါင်းစုံဆု​တောင်းပွဲကို ​အောက်​တိုဘာ ၁၀ ရက် ည​နေ ၆နာရီက မန္တ​လေးမြို့တွင်​၆၂ လမ်းရှိ မ​နော်​ရမ္မံလူထုဟစ်​တိုင်​ကွင်းတွင်​ကျင်းပရာ ဆရာ​တော်​၊ သံဃာ​တော်​များ၊ ဘာသာ​ပေါင်းစုံမှ ဘာသာ​ရေး​ခေါင်း​ဆောင်​များနှင့်​ ဘာသာဝင်​များ၊ မန္တ​လေးတိုင်း​ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်​​ဒေါက်​တာ​ဇော်​မြင့်​​မောင်​နှင့်​ဇနီး ​ဒေါက်​တာယုယု​မေ၊ တိုင်းဒေသကြီးအဆင့်အဖွဲ့အစည်းဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ လွှတ်တော် အဆင့်ဆင့်မှ လွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ်​မန္တ​လေးတိုင်း​ဒေသကြီးဥက္ကဌ ဦးတင်​ထွဋ်​ဦးနှင့်​ ပါတီဝင်​များ၊ ​ဒေသခံ ပြည်​သူများ တက်​​ရောက်​ဆု​တောင်းကြသည်​။

 ဘာသာ​ပေါင်းစုံဆု​တောင်းပွဲအခမ်းအနားတွင်​ဗုဒ္ဓဘာသာမှ မြဝတီမင်းကြီး​ကျောင်းတိုက်​ဆရာ​တော်​ဥူးအရိယာဝံသ၊ ခရစ်​ယာန်​ဘာသာမှ သိက္ခာတော်​ရဆရာ​တော်​​ဒေါက်​တာ​ဇော်​ဝင်း​အောင်​၊ အစ္စလာမ်​ဘာသာမှ ဆရာဦးခင်​​မောင်​နု၊ ဟိန္ဒူဘာသာမှ ဦးမူသူးကူးမားဘရာမန်း၊ ဗဟာအီ ဘာသာမှ ဦးမြင့်​​ဆွေတို့က ဘာသာအလိုက်​ဆု​တောင်းစကား​ပြောကြားကြသည်​။

 ထို့​နောက်​အခမ်းအနားတက်​​ရောက်​လာကြသူများက ဖ​ယောင်းတိုင်​မီးများ ထွန်းညှိကြပြီး မိမိတို့ကိုးကွယ်​ရာ ဘာသာအလိုက်​၇ မိနစ်​ငြိမ်​သက်​၍ မြန်​မာပြည်​ငြိမ်းချမ်းပါ​စေ​ကြောင်း ဆု​တောင်းကြသည်​။

 အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ်​မှ ကြီးမှူး၍ အမုန်းတရားများ၊ ဖိအားများ၊ တွန်းအားများကို ပြည်သူလူထုက မေတ္တာဖြင့်တုံ့ပြန်မည့် ဘာသာ​ပေါင်းစုံ ဆုတောင်းပွဲများကို တနိုင်​ငံလုံးတွင်​အပတ်​စဉ်​ အင်္ဂါ​နေ့တိုင်း ​အောက်​တိုဘာ ၁၇၊ ၂၄၊ ၃၁ ရက်​များ၌ ဆက်​လက်​ကျင်းပမည်​ဖြစ်​​သည်​။