၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၁ ရက်

 မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်သည် ဗီယက်နမ်နိုင်ငံ သံရုံး သံအမတ်ကြီး H.E.Dr.Luan Thuy Duong ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ဇန်နဝါရီ  ၁၁ ရက် နံနက် ၁၀ နာရီက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် လက်ခံတွေ့ ဆုံသည်။

 အဆိုပါ တွေ့ဆုံပွဲသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်ကြသော ဗိုလ်မှူးကြီး ကျော်ကျော်မင်း၊ ဒေါက်တာ ရဲလွင်၊ ဒေါက်တာ စိုးသန်း၊ ဦးဇာနည်အောင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူး ဦးစိုင်းသော်ဝင်းတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့သည်။