၂၀၁၆ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်

 ၅-၁-၂၀၁၆ ရက်နေ့ ၁၄း၃၀ အချိန် မူးယစ်တပ်ဖွဲ့စု(၁၇)မှ ရဲအုပ် ၀င်းနိုင် ဦးစီးသောအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ချမ်းမြသာစည်မြို့နယ်၊ ၄၅လမ်း၊ ၈၃နှင့် ၈၄ကြား၊ မီးသတ်ဝင်းအ၀င် ညာဘက်လမ်းထောင့်တွင် စောင့်ဆိုင်းနေစဉ် လမ်းလျှောက်လာသူ ညွန့်သောင်းအားရှာဖွေရာ ၎င်း၏ ညာဘက်လက်တွင် ကိုင်ထားသည့် ကွမ်းယာအိတ်ဖြင့်ထုပ်လျှက် အနက်ရောင်တိတ်ဖြင့် ပတ်ထားသည့် ၈၈ နှင့် ၁ စာတမ်း တစ်ဖက်စီပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား(၂၀)ပြား၊ အလေးချိန်(၂) ဂရမ်ခန့်(ဒေသပေါက်ဈေး-ငွေကျပ် ၁ သိန်း)အား တွေ့ရှိသဖြင့် ရှာဖွေပုံစံရေးသွင်းသိမ်းဆည်းပြီး တရားခံအားစစ်မေးရာ ရန်ကြီးအောင်(ခ)အငယ်လေးဆိုသူမှ ငွေကျပ် ၁၀ဝဝဝ ပေးပြီး ပေးပို့ရန်စေခိုင်းခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သဖြင့် ညွန့်သောင်း(၂၈)နှစ်၊ (ဘ)ဦးသောင်းဟန်၊ ၂၂လမ်း၊ အောင်မြေသာစံမြို့နယ်နေသူနှင့် စိတ်ကြွဆေးပြားများပေးပို့ရန်စေခိုင်းသူ ရန်ကြီးအောင်(ခ) အငယ်လေး(ဖမ်းဆီးမမိသေး)၊ အသက်(၂၆)နှစ်ခန့်၊ ယာဉ်မောင်း၊ သင်ပန်းကုန်းရပ်ကွက်၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးမြို့နေသူ တို့(၂)ဦးအား အမှတ်(၁၀)နယ်မြေ ရဲစခန်း မယ(ပ) ၁။၂၀၁၆၊ မူးစိတ်ပုဒ်မ-၁၅။၁၆(ဂ)။ ၂၁ ဖြင့် ရဲအုပ် တင်ထွန်းအောင်မှ တရားလိုပြုလုပ်အမှုဖွင့် အရေးယူထားသည်။