၂၀၁၇ ခုနှစ်၊ မတ်လ ၁၉ ရက်

 မဟာသင်္ကြန်ကာလ မှုခင်းကျဆင်းရေးစီမံချက်အရ ၁၉-၃-၂၀၁၇ ရက်နေ့  ၀၈း၄၅ အချိန် မူးယစ်တပ်ဖွဲ့စု (၁၇)မန္တလေး(မြောက်ပိုင်း) မူးယစ်တပ်ဖွဲ့စု (၁၇) မန္တလေး(မြောက်ပိုင်း)မှ ဒုရဲမှူး လှလွင် ဦးစီးတပ်ဖွဲ့ဝင်များ သည် ကွင်းဆက်တရားခံ မင်းထွဋ်ခေါင် နေထိုင်သည့် မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်အပိုင်း(၁) နေအိမ်သို့ ဝရမ်းအမှတ်(၂၄/၁၇)ဖြင့် ဝင်ရောက်ရှာဖွေရာ နေအိမ် အိပ်ခန်းကုတင်ပေါ်တွင် မင်းထွဋ်ခေါင်အား တွေ့ရှိရပြီး ၎င်း၏ ယာဘက်လက်အတွင်း ကိုင်ထားသည့် ရှုံ့အိတ်အတွင်း အပြာရောင်ပလပ်စတစ်ကပ်ခွာအိတ်ဖြင့်ထည့်လျှက် 88 နှင့် 1 စာတမ်း တစ်ဖက်စီပါ ပန်းရောင်စိတ်ကြွရူးသွပ် ဆေးပြား(၂၀၀) ပြားပါ(၁) ထုပ်၊ အလေးချိန်(၂၀)ဂရမ်ခန့်၊ Nail Polish တံဆိပ်ပါ လိမ္မော်ရောင်ဘူးအတွင်း ထည့် လျက် 88 နှင့် 1 စာတမ်း တစ်ဖက်စီပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား(၁၁)ပြား၊ အလေးချိန် (၁.၁)ဂရမ်ခန့်၊ စုစုပေါင်း စိတ်ကြွဆေးပြား (၂၁၁) ပြား၊(ဒေသပေါက်ဈေး ဆေးပြားတစ်ပြား လျှင် ၅၀၀ဝကျပ် နှုန်းဖြင့် ၁၀.၅၅ သိန်း)၊ (၁၀၀)ကျပ်တန် ငွေစက္ကူ ဖြင့်ပြုလုပ်ထားသည့် မူးယစ်ဆေးဝါး သုံးစွဲရာတွင် အသုံးပြုသော ပေါ့တံ(၁)ခုနှင့် မင်းထွဋ်ခေါင်အိပ်သည့် ခေါင်းအုံးနှင့် ခေါင်းအုံးအစွပ်ကြားမှ ပင်နယ်စလင်ပုလင်းဖြင့် ထည့်ထားသည့် ဖြူ/ ဝါရောင် ဘိန်းဖြူမှုန့် (၀.၁၄)ဂရမ်ခန့် (ဒေသပေါက်ဈေး ၁ ဂရမ်လျှင် ၇၀၀၀ဝ ကျပ်နှုန်းဖြင့် ၉၈၀ဝ ကျပ်)၊ မင်းထွဋ်ခေါင် အိပ်ယာပေါ်မှ လက်ကိုင်ဖုန်း (၁)လုံးတို့အား ရှာဖွေတွေ့ရှိရသဖြင့် ဒုရဲအုပ် ထန်းဖေမှ သက်သေများရှေ့ ရှာဖွေပုံစံ ရေးသွင်းသိမ်းဆည်းခဲ့ပြီး လက်ဝယ်တွေ့ရှိသူ မင်းထွဋ်ခေါင် (၄၀/၁၇)နှစ်၊ (ဘ) ဦးမော်သိန်း၊ ဗမာ/ဗုဒ္ဓ၊ မဟာမြိုင်အပိုင်း (၁)ရပ်ကွက်၊ မဟာအောင်မြေမြို့နယ်နေသူနှင့် မူးယစ်ဆေးဝါးများ ရောင်းချပေးသူ ကိုသက်(ခ)ငသက် (ဖမ်းဆီးမမိသေး)၊ အသက် (၂၅)နှစ်ခန့်၊ သင်ပန်းကုန်းရပ်ကွက်၊ ပြည်ကြီးတံခွန်မြို့နယ်နေသူတို့ (၂)ဦးအား မမစ(၉)၊ မယ(ပ) ၉/၂၀၁၇၊ မူးစိတ်ပုဒ်မ-၁၅/ ၁၉(က)/၂၁ ဖြင့် ၁၄း၂၀ အချိန် ရဲအုပ်ကျော်စိုးလင်းမှ တရားလိုပြုလုပ်အမှုဖွင့် အရေးယူခဲ့ပါသည်။