၂၀၁၇ ခုနှစ်၊ ဧပြီလ ၄ ရက်

 မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ချမ်းသာလှစေတီရင်ပြင်၌ ဧပြီ ၂ ရက် ညနေ ၆ နာရီက သင်္ကြန်အကြို မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်သည်။

 အစီအစဉ်အရ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ဒုတိယ ရဲအုပ်မြင့်သိန်းက လူကုန်ကူးမှုနှင့်ပတ်သက်၍လည်းကောင်း၊ အမှတ်(၈၆)ယာဉ်ထိန်းရဲတပ်ဖွဲ့စု (ပုသိမ်ကြီး)မှ ရဲအုပ် အောင်ကျော်မိုးက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းဟောပြော၍လည်းကောင်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးနေမျိုးလင်းက မီးဘေးအန္တရာယ်ကင်းဝေးရေး အသိပညာများဖြင့်လည်းကောင်း၊ မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ် မိုးမင်းဝင်းက မှုခင်းကျဆင်းရေး ဆိုင်ရာ ပညာပေးဟောပြောကြသည်။ ဆက်လက်၍ တက်ရောက်လာသော ပြည်သူများအား အသိပညာပေး လက်ကမ်းစာစောင်များ ဝေငှပေးကြသည်။