၂၀၁၇ခုနှစ် ဇူလိုင်လ ၂၃ရက်

 

 ၂၂-၇-၂၀၁၇ ရက်နေ့ (၁၂၁၅)အချိန် အမှတ်(၁၈)မူးယစ်တပ်ဖွဲ့စုမှ မူးယစ်ဆေးဝါးသတင်းအရ  သက်သေများနှင့်အတူ ပြည်ကြီးတံခွန်မြို့နယ်၊ (ဇ) ရပ်ကွက်၊ ၆၂x၆၃လမ်းကြား၊ စံပြလမ်းမပေါ်တွင် လျှို့ဝှက်စောင့်ဆိုင်းနေစဉ်  သတင်းရရှိထားသူ ချစ်ဇော်မိုး(ခ) ဖိုးချစ်မှာ လမ်းလျှောက်ရောက်ရှိ လာသဖြင့် ရှာဖွေရာ 88/1 စာတမ်းပါပန်းရောင်စိတ်ကြွဆေးပြား တစ်ထုပ်လျှင် (၁၉၆) ပြားစီပါ (၉) ထုပ်၊ စုစုပေါင်း ဆေးပြား (၁၇၆၄) ပြား၊ အလေးချိန် (၁၇၆.၄) ဂရမ် (ကာတန်ဖိုး တစ်ပြားလျှင် ၅၀၀ဝိ/- ကျပ်နှုန်းဖြင့်၈၈၂၀၀၀ဝိ/-ကျပ်)၊ လက်ကိုင်ဖုန်း(၁)လုံး တို့အား ရှာဖွေတွေ့ရှိ၍ သိမ်းဆည်းခဲ့ပါသည်။

 တရားခံ ချစ်ဇော်မိုး (ခ)ဖိုးချစ်အား စစ်မေးရာ ၎င်းသည် ပြည်ကြီးမျက်ရှင်ကားကြီး ကွင်းအနီးရှိ တည်းခိုခန်းတွင်တည်းခို၍ ဆေးပြားသုံးစွဲစဉ် ဆေးပြားများရောင်းချပေးသူ ကိုကြိုင်နှင့် ရင်းနှီးခဲ့ကြောင်း၊ ကိုကြိုင်၏ဖုန်းသို့ ဆက်သွယ်၍ စိတ်ကြွဆေးပြား (၂၀၀) ပြားပါ တစ်ထုပ်လျှင် (၁၉၀၀၀ဝိ/-) ကျပ်ဖြင့် ဝယ်ယူပြီး တစ်ထုပ်လျှင် (၂၅၀၀၀ဝိ/-) ကျပ်ဖြင့် ပြန်လည်ရောင်းချခြင်းဖြစ်ကြောင်း၊ တစ်ခါဝယ်လျှင် (၉/၁၀) ထုပ်ခန့် ဝယ်ယူလေ့ရှိပြီး၊ ကိုကြိုင် မှာ ၎င်းအမြဲစီးနေကျဖြစ်သော HONDA Fit ကားအနက်ရောင်ဖြင့် ချစ်ဇော်မိုး ချိန်းဆိုသော နေရာသို့လာရောက် ပို့ပေးလေ့ရှိကြောင်း၊ ချစ်ဇော်မိုး (ခ) ဖိုးချစ်သည် ကိုကြိုင်ထံမှ (၃/၄) ခေါက်ခန့် ဝယ်ယူဖူးကြောင်း၊ ယခုဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများမှာ  ဇူလိုင်လ ၂၁ ရက်နေ့ ၁၂၃၀ အချိန်ခန့်က ကိုကြိုင်ထံသို့ စိတ်ကြွဆေးပြားများဝယ်ယူလိုကြောင်း၊ ၅၄x၅၅လမ်းကြား၊ သိပ္ပံလမ်းပေါ်သို့လာရောက်ပို့ဆောင်ရန် ဆက်သွယ်ခဲ့ရာ ကိုကြိုင်မှ စိတ်ကြွ ဆေးပြား(၂၀၀)ပြားပါ (၁) ထုပ်လျှင် (၁၉၀၀၀ဝိ/-)ကျပ် ဖြင့်(၉)ထုပ်အားလာရောက် ပို့ဆောင်ပေးခဲ့ပြီး၊ ဆေးပြားများအား ၎င်း၏ခန္ဓာကိုယ်တွင် သိမ်းဆည်းထားခဲ့ကြောင်းစစ်ဆေးပေါ်ပေါက်ခဲ့ပါသည်။

 မူးယစ်ဆေးဝါးများနှင့်အတူ လက်ဝယ်တွေ့ရှိသူ ချစ်ဇော်မိုး(ခ)ဖိုးချစ်၊ (၃၃) နှစ်၊ ယာဉ်မောင်း၊ ဆည်မြောင်းရပ်ကွက်၊ ရေနံ့သာကျေးရွာ၊ မတ္တရာမြို့နယ် နေသူနှင့် မူးယစ်ဆေးဝါးများရောင်းချပေးသူ ကိုကြိုင် (ဖမ်းမမိသေး)၊ (၄၀) နှစ်ခန့်၊ ရဲမွန်တောင်ရပ်ကွက်၊ မဟာအောင်မြေမြို့နယ်နေသူတို့ (၂) ဦးအား မြို့မရဲစခန်း(ပြည်ကြီးတံခွန်)၊ မယ(ပ) ၃၈/၁၇၊  မူး/ စိတ် ပုဒ်မ ၁၅ / ၁၉(က) /၂၁ ဖြင့် ဇူလိုင်လ ၂၂ရက်နေ့တွင် အမှုဖွင့်အရေးယူထားရှိခဲ့ပါသည်။