၂၀၁၇ခုနှစ်၊ ဇူလိုင် ၂၆ရက်

 ၂၀၁၇ခုနှစ်၊ ဇူလိုင် ၂၆ရက်နေ့ (၁၇၅၀)အချိန် အမှတ်(၁၈) မူးယစ်တပ်ဖွဲ့စုမှအဖွဲ့၊ မြို့မရဲစခန်း(သာစည်)မှ ဒုရဲအုပ် မောင်မောင်ဝင်း တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာ၊ တောင်ကြီး-မိတ္ထီလာ ကားလမ်းမပေါ် သော်တာဝန်း ကျောက်ခွဲစက်အနီး မူးယစ်ဆေးဝါး ရှာဖွေရေးလုပ်ငန်းများအား ဆောင်ရွက်နေကြစဉ် တောင်ကြီးဘက်မှ မိတ္ထီလာဘက်သို့ ဖြိုးလှဟန်(ခ)အန်းကူ မောင်းနှင်လာသော TOYOTA VIGO HILUX အမျိုးအစားယာဉ်အား ရပ်တန့်ရှာဖွေရာ ကားနေကာနှင့်ခေါင်မိုးကြားတွင် ဝှက်ထားသော WY စာတမ်းပါပန်းရောင် စိတ်ကြွဆေးပြား(၁၈)ပြား၊ အလေးချိန်(၁.၈)ဂရမ် (ကာလတန်ဖိုးတစ်ပြားလျှင် ၅၀၀ဝိ/-ကျပ်ဖြင့် ၉၀၀၀ဝိ/- ကျပ်) နှင့် ဘိန်းဆီခဲ အလေးချိန်(၁၀)ဂရမ် (ကာလတန်ဖိုး တစ်ဂရမ်လျှင် ၄၅၀ဝိ/-ကျပ်နှုန်းဖြင့် ၄၅၀၀ဝိ/-ကျပ်)၊ ကားဒက်ရှ်ဘုတ်ပေါ်မှ လက်ကိုင်ဖုန်း (၁)လုံး တို့အား ရှာဖွေတွေ့ရှိခဲ့ပါသည်။

 တရားခံ ဖြိုးလှဟန်(ခ)အန်းကူအားစစ်ဆေးရာ ၎င်းသည် မန္တလေးမြို့တွင် နေထိုင်သူဖြစ်ပြီး တောင်ကြီးမြို့ရှိ မိဘများထံ အလည်သွားလေ့ရှိကြောင်း၊ လွန်ခဲ့သော(၁)နှစ်ခန့်က တောင်ကြီးမြို့သို့ အလည်သွားရင်းဖြင့် ရွှေညောင်မြို့ မီးပွိုင့်အနီးတွင် ကားရပ်နားစဉ် ဆိုင်ကယ်ကယ်ရီမောင်းနှင်သော ကိုစိုင်း(အမည်ရင်းမသိ-နေရပ်လိပ်စာ အတိကျမသိ) နှင့်ခင်မင်ခဲ့ပြီး မန္တလေးသို့ ပြန်သည့်အခါများတွင် မန္တလေးတွင် သုံးစွဲရန်၎င်းထံမှ မူးယစ်ဆေးဝါးများ ဝယ်ယူလေ့ရှိကြောင်း၊ ယခုဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများမှာ လွန်ခဲ့သော(၅)ရက်ခန့်က တောင်ကြီးမြို့သို့ အလည်သွားခဲ့ပြီး ဇူလိုင်လ ၂၆ရက် ၁၁၀၀ အချိန် တောင်ကြီးမြို့မှ မန္တလေးသို့ ကိုယ်ပိုင်မော်တော်ယာဉ်ဖြင့်ပြန်လာရင်းဖြင့် ရွှေညောင်မြို့ မီးပွိုင့်အနီးတွင်တွေ့ရသူ ကိုစိုင်းထံမှ စိတ်ကြွဆေးပြား တစ်ပြားလျှင် ၁၀၀ဝိ/- ကျပ်ဖြင့် (၁၈) ပြား၊ ဘိန်းဆီခဲ (၁၀၀၀ဝိ/-)ကျပ်ဖိုး တို့အား ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါသည်။

 သို့ဖြစ်၍ မူးယစ်ဆေးဝါးများဖြင့် လက်ဝယ်တွေ့ရှိသူ ဖြိုးလှဟန်(ခ)အန်းကူ၊ (၃၄)နှစ်၊ ရှမ်း-တရုတ်။ ကံသာယာရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ် နေသူအား မြို့မရဲစခန်း(သာစည်)၊ မယ(ပ) ၁၃/၁၇၊  မူး/ စိတ် ပုဒ်မ ၁၅/၁၆(ဂ) ဖြင့် ဇူလိုင်လ ၂၆ရက်နေ့တွင် အမှုဖွင့်ထားရှိခဲ့သည်။