၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်

 ၂၀၁၇ခုနှစ် စက်တင်ဘာလ ၃ရက် ၁၆၀၀ အချိန် မူးယစ်တပ်ဖွဲ့စု (၁၈) အဖွဲ့သည် သက်သေများနှင့်အတူ သတင်းအရ မဟာအောင်မြေမြို့နယ်၊ သန်လျက်မှော် (အရှေ့)ရပ်ကွက်နေ သန်းထွန်း၏ နေအိမ်အား မူးယစ်တပ်ဖွဲ့စုမှူး၏ ဝင်ရောက်ရှာဖွေ ဖမ်းဆီးခွင့်ဝရမ်းဖြင့် ဝင်ရောက်ရှာဖွေရာ အဖြူရောင်ကျောက်ကြည့် ဓါတ်မီးအတွင်း သိုဝှက်ထည့်ထားသော အဝါရောင်တိပ်ဖြင့် ပတ်လျှက် အအေးစုပ်ပိုက် အတွင်းမှ ၈၈ နှင့် ၁ စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား(၂၀) ပြားစီပါ၊ ပိုက်(၁၀)ချောင်း၊ ဆေးပြား(၂၀၀)ပြား၊ အဖြူရောင်ကျောက်ကြည့် ဓါတ်မီးအတွင်းမှ အဝါရောင် တိပ်ဖြင့်ပတ်လျှက် အအေးစုပ်ပိုက် အတွင်းထည့်ထားသည့် ၈၈ နှင့် ၁ စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား(၁၀) ပြားစီပါ၊ ပိုက် (၁၀) ချောင်း၊ ဆေးပြား (၁၀၀) ပြား၊ အနက်ရောင်ကျောက်ကြည့်ဓါတ်မီးအတွင်းမှ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား (၅) ပြားစီ ပါ၊ ပိုက် (၁၃) ချောင်း၊ ဆေးပြား (၆၅) ပြား၊ စုစုပေါင်းစိတ်ကြွရူးသွပ်ဆေးပြား (၃၆၅) ပြား၊ အလေးချိန် (၃၆.၅) ဂရမ် (ကာလတန်ဖိုး တစ်ပြားလျှင် ၅၀၀ဝိ။-ကျပ်ဖြင့် ၁၈၂၅၀၀ဝိ။-ကျပ်)၊ ကျောက်သွေးခုံဘေးမှ စိတ်ကြွဆေးပြား သုံးစွဲရာတွင် အသုံးပြုသည့်ဘူး (၁)ဘူးနှင့် အဝါရောင်ဂတ်စ် မီးခြစ်(၁) လုံးတို့ကို တွေ့ရှိသဖြင့် ရဲအုပ် လင်းထွန်းမှ သက်သေများရှေ့ ရှာဖွေပုံစံရေးသွင်းသိမ်းဆည်းခဲ့ပါသည်။

 သိမ်းဆည်းရမိ စိတ်ကြွဆေးပြားနှင့်ပတ်သတ်၍ သန်းထွန်း(ကျား)အားစစ်မေးရာ ၎င်းသည် လွန်ခဲ့သော (၁၀)နှစ်ခန့်မှစတင်၍ ကျောက် အရောင်း/အဝယ် လုပ်ငန်းလုပ်ကိုင်ခဲ့ပြီး တရုတ်နိုင်ငံ၊ ရွှေလီ၊ ကြယ်ခေါင်မြို့များသို့ ကိုယ်တိုင်သွားရောက်ရောင်းချကြောင်းနှင့် ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကားလမ်းဘေးရှိ ထမင်းဆိုင်တွင် စိတ်ကြွဆေးပြားကို စတင်သုံးစွဲခဲ့ကြောင်း၊ အရောင်း/အဝယ် လုပ်ငန်းလုပ်ကိုင်ရင်း တောင်ကြီးမြို့တွင် နေထိုင်သူ (နေရပ်လိပ်စာအတိကျမသိ) မြင့်ဇော်အောင်(ခ)ရှမ်းလေးနှင့်တွေ့ဆုံရင်းနှီးခဲ့ကြောင်း၊ မြင့်ဇော်အောင်နှင့် ဖုန်းဖြင့်ဆက်သွယ်ခဲ့ပြီး စိတ်ကြွ ဆေးပြားများကို သုံးစွဲရန်ပို့ပေးနိုင်ကြောင်းနှင့် လွန်ခဲ့သော(၁၀)ရက်ခန့်က  မြင့်ဇော်အောင်(ခ)ရှမ်းလေးသည် မန္တလေးမြို့သို့ စိတ်ကြွဆေးပြား (၂၀၀) ပြားပါ (၅)ထုပ် ကို လာရောက်ပို့ဆောင်ပေးခဲ့ကြောင်းနှင့် ယခုသိမ်းဆည်းရမိသော စိတ်ကြွဆေးပြားများမှာ သုံးစွဲ/ရောင်းချ ရာမှ လက်ကျန် ပစ္စည်းများဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါသည်။

 သို့ဖြစ်ပါ၍ စိတ်ကြွဆေးပြားများရောင်းချရန်လက်ဝယ်တွေ့ရှိသူ သန်းထွန်း(ကျား)၊ အသက် (၄၁) နှစ်၊ (ဘ) ဦးကျော်၊ ဗမာ/ဗုဒ္ဓ၊ ကျောက်အရောင်း အဝယ်၊ ၄၂ လမ်း၊ ၈၇×၈၉ လမ်းကြား၊ သန်လျက်မှော် (အရှေ့ရပ်ကွက်)၊ မဟာအောင်မြေမြို့နယ်နေသူအား နယ်မြေရဲစခန်း(၇) မဟာအောင်မြေမြို့နယ်၊ မယ(ပ) ၃/၁၇၊ မူး/စိတ် ပုဒ်မ- ၁၅/၁၉(က) ဖြင့် ၂၀၁၅ အချိန်တွင်အမှုဖွင့်အရေးယူထားရှိခဲ့သည်။