၂၀၁၅ခုနှစ်၊ အောက်တိုဘာလ ၁ရက်

 မန္တလေးတိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးကျော်ဆန်းသည် ယနေ့နံနက် ၁၁နာရီခွဲက မန္တလေးအပြည်ပြည်ဆိုင်ရာ (တံတာားဦး) လေဆိပ် တွင်ပြုလုပ်သည့် ဘန်ကောက်-မန္တလေး-ဘန်ကောက် ပြေးဆွဲသည့်အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်သည်။

 အခမ်းအနားသို့ဝန်ကြီးနှင့်အတူ Thai Smile Airway ဥက္ကဋ္ဌ Mr. Dr Kanit Sangsu Dhan နှင့်တာဝန်ရှိသူများ၊ MRCCI (မန္တလေး) ဥက္ကဋ္ဌဦးအောင်သန်း၊ ဒုတိယဥက္ကဋ္ဌဦးကျော်မင်းတို့နှင့်အတူ လေကြောင်းလိုင်းမှတာဝန်ရှိသူများတက်ရောက်ကြသည်။

 အဆိုပါလေကြောင်းလိုင်းခရီးစဉ်ကို အောက်တိုဘာ ၁ရက်မှပြန်လည်ပြေးဆွဲခြင်းဖြစ်ပြီး တနင်္လာ၊ ကြာသပတေး၊ စနေနေ့များတွင်ပြေးဆွဲသွားမှာ ဖြစ်သည်။ မန္တလေးမှနံနက် ၁၁နာရီ ၅၅မိနစ်တွင် ထွက်ခွာမည်ဖြစ်ပြီး၊ အောက်တိုဘာ ၂၅ရက်မှစတင်၍အင်္ဂါနေ့အပါအဝင်တစ်ပတ်လျှင် (၄)ရက်ပြေးဆွဲ မည်ဖြစ်သည်။