၂၀၁၇ ခုနှစ် မေလ ၃၁ ရက်

 မန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ ၆၂လမ်းရှိ မန္တလေးတရားဥပဒေစိုးမိုးရေးစင်တာတွင် မေ ၂၇ရက် နံနက် ၉နာရီက Five days Pilot Law Officer Training Course အမှတ်စဉ်(၁)ဖွင့်လှစ်ခြင်းအခမ်းအနားကျင်းပသည်။

 အဆိုပါဖွင့်ပွဲအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ဥပဒေချုပ် ဦးအောင်ဝင်း၊ တိုင်းဒေသကြီး ဥပဒေအရာရှိ ဦးဒယ်နီရယ်ကြည်နှင့် သင်တန်းသား ဥပဒေအရာရှိ ၂၅ဦး၊ သင်တန်းဆရာ၊ ဆရာမများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဥပဒေချုပ်က အဖွင့်အမှာ စကားပြောကြားပြီး တိုင်းဒေသကြီးဥပဒေအရာရှိ၊ မန္တလေး Rule of law စင်တာမှ ဥပဒေအကြံပေး ဦးထိန်ဝင်း၊ ရန်ကုန် Rule of law စင်တာမှ ဥပဒေ အကြံပေး ဦးစိုးနိုင်တို့က အမှာစကား ရှင်းလင်းပြောကြားသည်။ ပြီးနောက် မန္တလေး Rule of law စင်တာ၊ အုပ်ချုပ်မှုတာဝန်ခံ ဒေါ်ခင်ကျော်ကျော်က သင်တန်းဖြစ်ပေါ်လာရခြင်းအကြောင်း ရှင်းလင်းတင်ပြသည်။

 အဆိုပါအခမ်းအနားတွင် အခမ်းအနားမှူးအဖြစ် သင်တန်းနည်းပြ ဆရာမ ဒေါ်ခင်ဝင်းရည်(တရားလွှတ်တော်ရှေ့နေ)က ဆောင်ရွက်ခဲ့ပြီး တက်ရောက် ကြသော သင်တန်းသားများမှာ မြို့နယ်ဥပဒေအရာရှိများ၊ ဒုတိယမြို့နယ်ဥပဒေအရာရှိများ၊ တိုင်းဒေသကြီးနှင့်ခရိုင်ဥပဒေရုံးများမှ ဦးစီးအရာရှိများ၊ ဒုတိယဦးစီးမှူးများ စုစုပေါင်း ၂၅ဦးဖြစ်ကြောင်းနှင့် သင်တန်းကာလမှာ အပတ်စဉ် စနေနေ့တိုင်း ငါးရက်တိတိ တက်ရောက်ကြရမည်ဖြစ်သည်။