၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်

၂၀၁၇ ခုနှစ် မန္တလေးတိုင်းဒေသကြီးဘောလုံးဆပ်ကော်မတီမှကြီးမှူး၍ We ARE ONE Cup 2017 အပျော်တမ်းကလပ်အသင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ(မန္တလေး)ဇုန် ဗိုလ်လုပွဲ၊ ပွဲစဉ်ပြိုင်ပွဲကို ယနေ့ ညနေ ၃ နာရီက မန္တလေးမြို့ ဗထူးအားကစား          ကွင်းတွင် Glory FC အသင်းနှင့် Academic United FC အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ Glory FC အသင်းက နှစ်ဂိုး၊ တစ်ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသွားပြီး Road to Grand Final ပြိုင်ပွဲသို့ တက်ရောက်သွားသည်။

ဗိုလ်လုပွဲ ပြိုင်ပွဲသို့ မန္တလေးတိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းကျော်ဇော၊ မန္တလေးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝေဇင်နှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အားကစားနှင့်ကာယပညာသိပ္ပံ(မန္တလေး) ကျောင်းအုပ်ကြီး ဦးမျိုးမြင့်အောင်၊ မန္တလေးတိုင်းဒေသကြီး ဘောလုံးဆပ်ကော်မတီ ဥက္ကဌ ဒေါ်မေမြတ်နွယ်(သံလွင်မြန်မာ)၊ ဒုတိယဥက္ကဌ ဦးစိန်ဝင်းကြီးနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲပံ့ပိုးအလှူရှင် မန္တလေး(မြန်မာဘီယာ)မှ ဦးခိုင်ဘွားနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ၊ နည်းပြများ၊ အားကစားသမားများ၊ Old Star မန္တလေး ဥက္ကဌ ဦးဇော်ဝင်းနှင့် ဘောလုံးသမားများ၊ ဘောလုံးဒိုင်လူကြီးများ၊ အနုပညာရှင်များပါဝင်သော Actors Star FC အသင်းနှင့် မန္တလေးမြို့မှ ဒေသခံလက်ရွေးစင် ဘောလုံးသမားများ၊ နာမည်ကြီးအနုပညာရှင်များ၊ ဘောလုံးအားကစားဝါသနာရှင်များ တက်ရောက်ကြသည်။

ယင်းနောက် ပထမဗိုလ်ဆွဲသည့် Glory FC အသင်းအား မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ကိုယ်စား တိုင်းဒေသကြီးတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းကျော်ဇောက ပထမတံခွန်စိုက်ဆုဖလားကြီးကိုချီးမြှင့်ပြီး နာမည်ကြီး အနုပညာရှင်များက တေးသီချင်းများဖြင့်ဖျော်ဖြေဧည့်ခံခဲ့သည်။