၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်

 ၂၀၁၇ ခုနှစ်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ ဖိတ်ခေါ် ဘတ်စကတ်ဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနား ကို နိုဝင်ဘာ ၁ ရက် နံနက် ၉ နာရီက မန္တလေး၊ ချမ်းအေးစာစံမြို့နယ်၊ ဗထူးမိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပသည်။

 ဗိုလ်လုပွဲတွင် အမရပူရမြို့နယ် အမျိုးသားအသင်းနှင့် ချမ်းအေးသာစံမြို့နယ် အမျိုးသားအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ အမရပူရမြို့နယ် အမျိုးသား အသင်းက ၇၀ မှတ်၊ ၄၁ မှတ်ဖြင့် အနိုင်ရဗိုလ်စွဲသွားသည်။

 ပြိုင်ပွဲအပြီးတွင် ဆုပေးပွဲဆက်လက်ကျင်းပရာ မန္တလေးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝေဇင်က ဒုတိယရရှိ ခဲ့သော ချမ်းအေးသာစံမြို့နယ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေကျပ် နှစ်သိန်း၊ မန္တလေးအားကစားနှင့်ကာယပညာသိပ္ပံကျောင်းအုပ်ကြီး ဦးမျိုးမြင့်အောင်က ပထမရရှိခဲ့သော အမရပူရမြို့နယ် အမျိုးသားအသင်းအား တစ်ဦးချင်းဆုတံဆိပ်များ အသီးသီးပေးအပ်သည်။

 ထို့နောက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းကျော်ဇောက ပထမရရှိခဲ့သော အမရပူရမြို့နယ် အမျိုးသား အသင်းအား ဆုဖလားနှင့် ငွေကျပ် သုံးသိန်းချီးမြှင့်ပြီး စုပေါင်းအမှတ်တရဓာတ်ပုံရိုက်ကူးခဲ့ကြသည်။