၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်

 Youth Development Pilot Project Committee(YDPP)ကကြီးမှူးဖွင့်လှစ်ထားသည့် ဘောလုံးသင်တန်းသား ကလေးငယ်များ၏ အသိဥာဏ် စာရိတ္တဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ စာပေဟောပြောပွဲနှင့် စာရေးကိရိယာလှူဒါန်းပွဲ အခမ်းအနားကို အောက်တိုဘာ ၂၁ ရက် မွန်းလွဲ ၃ နာရီခွဲက မန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ အားကစားနှင့်ကာယပညာသိပ္ပံ(မန္တလေး) စားရိပ်သာခန်းမတွင် ကျင်းပသည်။

 ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းကျော်ဇောက အဖွင့်အမှာစကားပြောကြားသည်။

 ထို့နောက် ဆရာညီပုလေးက “ရွှေရောင်နေ့ရက်များ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆရာကျော်ရင်မြင့်က “မျိုးကောင်းမျိုးသန့်များ” ခေါင်းစဉ်ဖြင့် လည်းကောင်း ဆွေးနွေးဟောပြောကြသည်။

 ဆက်လက်၍ တာဝန်ရှိသူများက သင်တန်းသား ၃၁၅ ဦးနှင့် နည်းပြ ၂၄ ဦးတို့အတွက် ဗလာစာအုပ်နှင့် ကျောပိုးအိတ်များပေးအပ်လှူဒါန်းရာ နည်းပြ များက လက်ခံရယူကြသည်။

 ဝန်ကြီး ဦးစိုင်းကျော်ဇောနှင့်အဖွဲ့သည် သင်တန်းသားကလေးငယ်များအား ရင်းရင်းနှီးနှီး လိုက်လံတွေ့ဆုံနှုတ်ဆက်သည်။

 အဆိုပါသင်တန်းတွင် မန္တလေးခရိုင်အတွင်းရှိ ခုနစ်မြို့နယ်မှ စကားသမား ၃၁၅ ဦးကို လေ့ကျင့်ပျိုးထောင်ပေးလျက်ရှိသည်။