၂၀၁၇ ခုနှစ်၊ အောက်တိုဘာ ၂၃ ရက်

 မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ကဉ္ဓဏမဟီ(၆၂၆)ရပ်ကွက်၊ ဦးဘိုးသာဝင်း ဓမ္မဗိမာန်တွင် တည်ထားကိုးကိုယ်သော စတီးရွှေစေတီငါးဆူနှင့် တံခွန်တိုင် ဘုရားစေတီနှစ်ဆူတို့အား ယမန်နေ့နံနက် ၉ နာရီက ကျင်းပရာ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဥက္ကဌ၊ အဘိဓဇမဟာရဋ္ဌဂုရု အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဗန်းမော်ဆရာတော် ဒေါက်တာ ကုမာရာဘိဝံသ၊ စလေဆရာတော် အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒ န္တဝိဇယနှင့် သံဃာတော် ၁၈ ပါး ကြွရောက်တော်မူကြသည်။

 အစီအစဉ်အရ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းကျော်ဇောနှင့် အလှူရှင်များဖြစ်သော ဒေါ်ညွှန့်ရီ၊ သဒ္ဓမ္မဇောတိကဓဇ ဦးဗိုလ်မောင်မြင့်(လက်ထောက်ညွှန်ကြားရေးမှူး-စီမံ၊ မန္တလေးခရိုင်ပညာရေးမှူးရုံး) နှင့် မိသားစုများ၊ အောင်စာပေမိသားစု၊ ရပ်ကွက်အလှူရှင်များ၊ ဂေါပကဥက္ကဌ ဦးကြည်နှင့်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများက ဗန်းမော်ဆရာတော် ဒေါက်တာကုမာရာဘိဝံသထံမှ ငါးပါးသီလခံယူဆောက်တည်ပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။